Friday, January 28, 2011




စိတ်ခံစားမှု
ကြီးပွားချမ်းသာချင်းသူသည် စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ရမည်။စိတ်ခံစားလွယ်သူသည်သူတစ်ပါးစကားကြားရုံနှင့်ဆတ်ဆတ်ထိမခံချင်ဖြစ်သည်။စိတ်ခံစားမှုပေါ်မူတည်ပြီးဆုံးဖြတ်ချက်အမျိုးမျိုးပြောင်းလဲတတ်သည်။ယခုအကောင်းထင်ပြီး တော်ကြာအဆိုးမြင်တတ်၏။သူတစ်ပါးစကား နားဝင်လွယ်၏။ဒေါသထွက်လွယ်၏။စိတ်တို၏။သို့ရာတွင် စိတ်ပြေလွယ်ပြန်သည်။စိတ်ခံစားမှုလွယ်သဖြင့်ကလေးဆန်သည်ဟုအထင်ခံရတတ်သည်။ထိုသို့သော စိတ်မျိုးရှိသူသည် အလုပ်ကြီးအကိုင်ကြီးကြံစည်လုပ်ကိုင်လို့မဖြစ်နိုင်။ထိုသို. ကြံစည်လုပ်ကိုင်လျှင်လည်း လမ်းတစ်ဝက်တွင်ပျက်တ်၏။
ထို.ကြောင်.စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်စွမ်းရှိမှသာလျှင် ကြီးပွားချမ်းသာနိုင်၏။